ကျောင်းကြိုသွားတဲ့ မိန်းကလေးကို လက်ဆွဲလို့ ရဲတပ်ဖွဲ့က လိုက်ဖမ်းရာ ချုံထဲသို့ဝင်ခိုရာမှ အဖြစ်ဆိုးကြုံခဲ့ရတဲ့ အမျိုးသား See More ….

 

 

Zawgyi



 

 





အောင်ကြီး(မြေလတ်ဒေသ)

Unicode

ကျောင်းကြိုသွားတဲ့ မိန်းကလေးကို လက်ဆွဲလို့ ရဲတပ်ဖွဲ့က လိုက်ဖမ်းရာ ချုံထဲသို့ဝင်ခိုရာမှ အဖြစ်ဆိုးကြုံခဲ့ရတဲ့ အမျိုးသား

ကျောင်းကြိုသွားတဲ့ မိန်းကလေးကို လမ်းကဖြတ်ဆွဲပြီး သားမယားပြုရန်ကြိုးစားတဲ့သူ (၃)လကျော်ကြာထွက်ပြေး တိမ်းရှောင်နေခိုက် မြွေကိုက်ခံရသဖြင့်

ဆေးရုံတက်ရောက်စဉ် ဖမ်းဆီးခံရကြောင်း သိရသည်။ဖြစ်စဉ်မှာ လွန်ခဲ့တဲ့ ညနေက ကျူးလွန်ခံရသူ ပေါင်းတည်မြို့နယ်လယ်သစ်ရွာဟောင်း ကိုင်းကွင်းအုပ်စုနေ အသက်(၁၇)နှစ်အရွယ် မ- – – – – သည် ညီမဖြစ်သူအား ကျောင်းကြိုသွားရောက်စဉ်

ကျောင်းနှင့်ရွာကြားအရောက်၌ ပျဉ်ကြီးရွာဟောင်း ကြို့ကုန်းအုပ်စုနေ အဘဦးရတင်၏သားဖြစ်သူ ဇော်ဇော်မင်း(၁၉)နှစ်သည် နေအိမ်တစ်အိမ်အတွင်းမှ ထွက်လာကာ

မ – – – အား လယ်ကွင်းအတွင်း အတင်းဆွဲခေါ်ကာ သားမယားပြုရန် ကြိုးစားသည့်အတွက်တိုင်ကြားခံရပြီး (၃)လကျော်ကြာ တိမ်းရှောင်နေခဲ့ရာမှ

မြွေကိုက်ခံရသဖြင့် မှတ်တိုင်ဆေးရုံ၌ ဆေးဝါးကုသနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။ရဲစခန်းမှ ဇော်ဇော်မင်းကို အမူဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။

အောင်ကြီး(မြေလတ်ဒေသ)

Leave a Reply

Your email address will not be published.